သက်ထားအလိုကျလှော်ခဲ့ရ
အကယ်ရွေ့သာ သင်သည် မိန်းမတစ်ယောက် ဖြစ်ပြီး သင်အင်မတန် မုန်းတီးရွံ့ရှာသော ယောကျ်ားတစ်ယောက်နှင့် လူသူမနီး ကျွန်းကလေးတစ်ကျွန်း အပေါ်မှာ အတူတကွ နေထိုင်ရမည် ဆိုပါက သင်မည်သို့ ရင်ဆိုင်မည်နည်း.....။ အကယ်ရွေ့သာ သင်သည် ယောက်ျားတစ်ယောက် ဖြစ်ခဲ့ပြီး သင်အင်မတန်မှ စက်ဆုပ်အော့နှလုးံနာလှသော မိန်းမတစ်ယောက်နှင့် လူသူမဲ့သော ကျွန်းတစ်ကျွန်း အပေါ်တွင် အတူတကွ ရှင်သန် နေထိုင်ရမည် ဆိုပါက သင်မည်သို့ ရင်ဆိုင်မည်နည်း....။ `` တောက်........မတွေ့ချင်တဲ့လူကိုမှ လာတွေ့ရတယ်လို့...ကျက်သရေ တုံးလိုက်တာ..ထွီ..`` မော်တော်ကုန်းပတ်ပေါ်မှာ လူတစ်ယောက် သူမကို မြင်လိုက်တော့ ပထမ အံ့သြသွားသည်..။ ဒုတိယ မျက်မှောက်ကြီး ကြုတ်လို့ ဖျတ်ခနဲ..နောက်ဆုံးမှာ မျက်နှာလွှဲသွားတယ်...။ `` အောင်မာ...ငပြူးကများ လာပြဲရတယ်လို့ ရှိသေး..ဟွန်း...ထွီ...`` စိတ်ထဲကနေ ရိုင်းရိုင်းပျပျ ပဲတွေးပြီး ပျစ်ကနဲနေအောင်တံတွေး ထွေးပြပြီး သတ်မှတ်ထားတဲ့ အခန်းထဲ ပဲ ပြန်ဝင်လာခဲ့တော့တယ်..။ မော်တော်အိပ်ခန်းထဲ ရောက်တဲ့အထိ ဒေါသအရှိန်က မပြေချင်..။ဘယ်ပြေလိမ့်မလဲ...။ဟို သကောင့်သား ခွေး...ကုလား..လူကဖြင့် လမ်းဘေးကွမ်းယာသည်..ကြည့်တော့ မခုတ်တတ်တဲ့ ကြောင်..။ လုပ်တော့ မိန်းမလို မ...