"နတ်အိုးကွဲ
"
ကျွန်မဘဝသည် ပန်းခင်းလမ်းမဟုတ်။ ငယ်စဉ်ဘဝအစကပင် ခက်ခဲကြမ်းတမ်းခဲ့သည်။ အဖေနှင့်အမေသည် ကြုံရာကျပန်းအလုပ်ဖြင့် ဝမ်းစာအတွက် ရုန်းကန်ရသည်။ သားသမီးလေးယောက်တွင် ကျွန်မကအကြီးဆုံးသမီး။
အိမ်အလုပ်ဝိုင်းကူရသည်။ မောင်လေးညီမလေးများကိုထိန်းရသည်။ မနက်ပိုင်းတွင် အကြော်ရောင်း။
ညနေပိုင်းတွင် ပဲပြုတ်ရောင်း။ အိမ်ရှိစဉ့်အိုးများထဲသို့
ရေအပြည့်ဖြည့်ရသည်။
ရွာဦးကျောင်းရှိ ရေကန်သည်ကျွန်မတို့အိမ်နှင့် အတော်ဝေးသည်။ သို့သော် နေ့စဉ်ရေထမ်းခြင်း အလုပ်သည် ကျွန်မအတွက် ထမင်းစားရေသောက်။
မပြေလည်သည့်ကြားထဲပင် ကျွန်မကျောင်းတက်ခွင့်ရခဲ့သည်။ ကျောင်းတက်ရသည့် အချိန်တိုင်းလိုလိုပင်
ကျွန်မ မပျော်ရွှင်။ စာများအလွတ်ကျက်ရခြင်းကို ကျွန်မစိတ်မဝင်စား။
သို့သော် မြန်မာစာသင်ရချိန်ဆို ကျွန်မစိတ်ပါသည်။
ကဗျာကလေးများရွတ်ဆိုရချိန် ကျွန်မကြည်နူးသည်။
ရေသည်ပြဇာတ်သင်ချိန် ကျွန်မပျော်ရွှင်သည်။ မင်းဘူးဆရာတော် ဦးသြဘာသ၏ မိခင့်သောက စကားပြေ
သင်ရချိန် ကျွန်မဝမ်းနည်းရသည်။
ကာတွန်း၊ ရုပ်ပြ၊ ဝတ္ထုဖတ်ခြင်းကို ကျွန်မနှစ်သက်သည်။ ဘဝသည်ကြမ်းတမ်းသော်လည်း ကျွန်မစိတ်သည် နူးညံ့သည်ထင်၏။ ငယ်စဉ်ကပင်အနုပညာဆိုသည့် မြစ်များတွင် စီးမျောခဲ့သည်။
ဘွဲ့ရပြီးချိန်တွင် ထိုမြစ်များထဲသို့ လက်တွေ့ဝင်ရောက်ရန် ကြိုးစားခဲ့သည်။ မြစ်ရေသည် အချိန်တို့ကိုတိုက်စားသွား၏။ ကျွန်မတွင်အလုပ်မရှိ။ ကျွန်မတွင်ဝင်ငွေမရှိ။ မိဘများကျေးဇူးကြောင့် စိတ်ကူးယဉ်ကမ္ဘာထဲတွင် နေခွင့်ရခဲ့သည်။
ငယ်ဘဝနှင့်ခြားနားစွာ စိတ်ကူးယဉ်ကမ္ဘာထဲတွင်
ယက်ကန်ယက်ကန် ဖြစ်နေလေတော့သည်။ မိဘများက ကျွန်မကိုပြောကြသည်။
" ချေးကော်မရ ပဲလှော်မရ နတ်အိုးကွဲ " ဟူ၍ပင်
ဖြစ်လေသတည်း။
ကံ့ကော်သွေး
သက်ထားအလိုကျလှော်ခဲ့ရ
အကယ်ရွေ့သာ သင်သည် မိန်းမတစ်ယောက် ဖြစ်ပြီး သင်အင်မတန် မုန်းတီးရွံ့ရှာသော ယောကျ်ားတစ်ယောက်နှင့် လူသူမနီး ကျွန်းကလေးတစ်ကျွန်း အပေါ်မှာ အတူတကွ နေထိုင်ရမည် ဆိုပါက သင်မည်သို့ ရင်ဆိုင်မည်နည်း.....။ အကယ်ရွေ့သာ သင်သည် ယောက်ျားတစ်ယောက် ဖြစ်ခဲ့ပြီး သင်အင်မတန်မှ စက်ဆုပ်အော့နှလုးံနာလှသော မိန်းမတစ်ယောက်နှင့် လူသူမဲ့သော ကျွန်းတစ်ကျွန်း အပေါ်တွင် အတူတကွ ရှင်သန် နေထိုင်ရမည် ဆိုပါက သင်မည်သို့ ရင်ဆိုင်မည်နည်း....။ `` တောက်........မတွေ့ချင်တဲ့လူကိုမှ လာတွေ့ရတယ်လို့...ကျက်သရေ တုံးလိုက်တာ..ထွီ..`` မော်တော်ကုန်းပတ်ပေါ်မှာ လူတစ်ယောက် သူမကို မြင်လိုက်တော့ ပထမ အံ့သြသွားသည်..။ ဒုတိယ မျက်မှောက်ကြီး ကြုတ်လို့ ဖျတ်ခနဲ..နောက်ဆုံးမှာ မျက်နှာလွှဲသွားတယ်...။ `` အောင်မာ...ငပြူးကများ လာပြဲရတယ်လို့ ရှိသေး..ဟွန်း...ထွီ...`` စိတ်ထဲကနေ ရိုင်းရိုင်းပျပျ ပဲတွေးပြီး ပျစ်ကနဲနေအောင်တံတွေး ထွေးပြပြီး သတ်မှတ်ထားတဲ့ အခန်းထဲ ပဲ ပြန်ဝင်လာခဲ့တော့တယ်..။ မော်တော်အိပ်ခန်းထဲ ရောက်တဲ့အထိ ဒေါသအရှိန်က မပြေချင်..။ဘယ်ပြေလိမ့်မလဲ...။ဟို သကောင့်သား ခွေး...ကုလား..လူကဖြင့် လမ်းဘေးကွမ်းယာသည်..ကြည့်တော့ မခုတ်တတ်တဲ့ ကြောင်..။ လုပ်တော့ မိန်းမလို မ...

0 Comments